ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ
.

*စိတ်ဆင်းရဲခြင်းအကြောင်းရင်း*

ထိုမေးခွန်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင်
ဘုရားကို မေးခဲ့ဖူးသည်။ တစ်နေ့သော်အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
မဂတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ ဝေဒိယကတောင်၊ ဣန္ဒသာလလိုဏ်ဂူ၌
သီတင်းသုံးနေတော်မူစဉ် သိကြားမင်းရောက်ရှိလာပြီး မေးမြန်းသည်မှာ
"မြတ်စွာဘုရား… လူနတ်သတ္တ၀ါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်းလျက်
ရန်သူကင်းလျက် စိတ်ဆင်းရဲခြင်းကင်းလျက် အမျက်ထွက်ခြင်းကင်းနေရခြင်းကို
လိုချင်တောင့်တ ကြပါကုန်၏။ သို့ပါလျက် ရန်ငြိုးရှိလျှက်၊ ဒဏ်ရှိလျှက်၊
ရန်သူရှိလျှက်၊ စိတ်ဆင်းရဲလျှက်၊ အမျက်ထွက်လျှက်နေကြရသည်မှာ
အဘယ်အကြောင်းကြောင့်ပါနည်း"
ထိုအခါ ဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့် ၀န်တိုခြင်း၊ မစ္ဆရိယ
ရှိသောကြောင့်ဟူ၍ ပြတ်ပြတ်သားသား အဖြေပေးတော်မူခဲ့ပါသည်။
(သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)
သဂါထာဝဂ္ဂသုတ်၊ မစ္ဆရိသုတ်၌လည်း နတ်သားတစ်ယောက်က သူတစ်ပါးအလှူကို
အန္တရာယ်ပြုသည်အထိ ၀န်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊
သံသရာဆိုးကျိုးများကို သိလိုပါသည်ဟုမေးလျှောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက်
လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ
ကူညီစောင်မမည့်သူလည်းမရှိ။
သံသရာဆိုးကျိုးကား ငရဲ၊ တိရိစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး
ထိုဘုံများမှလွတ်၍ လူ့ဘ၀သို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘ၀သို့ရောက်ရသည်။
ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်းပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု
ဖြေကြားခဲ့ပေသည်။
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး(မြန်အောင်)

2 အကြံပြုပါသည်။:

dimplemit said...

ဟုတ်ကဲ့ပါ။ ဖတ်မှတ်သွားပါတယ်နော်။

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ .......။

နွေးထွေးပျူငှာစွာ ကြိုဆိုပါတယ်...

မိတ်ဆွေသူငယ်ချင်းများ ခင်ဗျာ အမှတ်တရ ရင်ခွင်ရိပ်မွန် ဆိုဒ်လေးကိုလည်း လာရောက်လည်ပတ် အားပေးနိုင်ပါတယ် ခင်ဗျာ။ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်။

*** ဓမ္မမိတ်ဆွေ သူငယ်ချင်းတို့၏ အမှတ်တရစကားများ ***

 
မူလစာမျက်နှာ | ဒိုမိန်းအလှူရှင် စေတနာရှင်မလေး - | စာရေးသူ ***တောသားလေး